Wednesday, September 5, 2012

စတိဗ် ဂျော့ဘ် မရှိ တော့တဲ့ ကမ္ဘာ (အပိုင်း ၁)


jo-d-100518-apple
 
29
 
2
 
မဲပေးပါ

ငြိမ်းချမ်းငြိမ်း၊     ၊ ၂၀၁၀ ခုနှစ် တွင် Forbes မဂ္ဂဇင်း  က ရွေးချယ် သည့် ကမ္ဘာ ပေါ် ရှိ အချမ်း
သား ဆုံး ပုဂ္ဂိုလ် များထဲ တွင် စတိဗ် ဂျော့ဘ်  သည် ၁၃၆ ယောက် မြောက် ဖြစ် လာ ခဲ့ သည်။ သူ၏
အသားတင် ချမ်းသာ မှု တစ်ခု တည်း က ပင် ၅.၅ ဘီလျှံ ရှိ သည်။
ဘောဘ်ဒိုင်လန် ၏ သူချင်းများ ကို နှစ် သက် သူ စတိဗ်ဂျော့ဘ် သည် ငယ်စဉ်က တည်း က
အိမ်ရှေ့ တွင် ကြိုး ခုနှစ် ချောင်း တပ် ဂီတာ လေး တစ်လက် ဖြင့် ညစဉ် ဟဲ လေ့ ရှိ သည်။
သူ အနှစ် သက် ဆုံး ဘောဘ်ဒိုင် လန် ၏ သူချင်းမှာ Times They are A- Changing ဖြစ်
သည်။ စစ်ဆန့် ကျင် ရေး သီချင်း ဖြစ် ပြီး သူက ထို သီချင်း ကို အမြဲတမ်း နားထောင် သည်။
၁၉၇၀ ပြည့်လွန် မှ ၁၉၈၀ ပြည့် လွန် နှစ် များ ထိ ဘောဘ်ဒိုင်လန် ၏ ရည်းစား ဟောင်း ဖြစ်
သူ အဆိုတော် ၊ တေးရေး ဆရာမ ၊ ဂီတ ပညာ ရှင့် ၊ တက်ကြွ လှုပ် ရှား သူ ဂျိုအန် ဘီအက်ဇ်
နှင့် ရည်းစား ဖြစ်ခဲ့ သည်။
နောင်တွင် အသုံး ပြု သူ ၏ ဂုဏ်ဒြပ် ကို ပါ ထည် ၀ါ စေ သည့် apple ကွန်ပြူတာ ကို ကမ္ဘာ
နှင့် စပြီး မိတ် ဆက် နေ စဉ် အခါ တည်း က သူ သည် ရည်းစား အလွန် ပွေ သူ တစ်ယောက်
လည်း ဖြစ် သည်။ ၁၉၇၈ ခုနှစ် မေလ ၁၇ ရက်နေ့ တွင် မွေး ဖွား ခဲ့ သည့် ယခု ဂျာနယ်လစ်
နှင့် စာရေး ဆရာ မ လုပ်နေ သော သမီး အကြီး Lisa Brennan-Jobs မှာ သူ နှင့် အတူ
နေ ချစ်သူ ဖြစ် ခဲ့ သည့်  Chris-Ann Brennan နှင့် ရသူ ဖြစ်သည်။ Chris-Ann Brennan
သည် Bay Area ရှိ တက်ကြွ လှုပ်ရှား သူ ပန်းချီဆရာ မ ဖြစ်သည်။
လီဆာ သည် apple ကွန်ပျူတာ နှင့် အတူ မွေးဖွား ခဲ့ သူ ဖြစ် ပြီး သူ၏ သမီး နာမည် ကို အစွဲ ပြု ကာ
၁၉၈၁ ခုနှစ် ထုတ် apple ကွန်ပျူတာ များ ကို Lisa ဟု သူက အမည် ပေး ခဲ့ သည်။ သူ၏
နောက် ရည်းစား တစ်ဦး က ဒါကို  ရိပ်မိပြီး ” ဒီ နာ မည် က ရှင် ဟို ကောင် မ နဲ့  ရတဲ့ သမီး နာ မည်
ကို အစွဲ ပြု ပြီး မေးတာ မဟုတ် လား ဟု မေး သည့် အခါ …စတိဗ် က မဟုတ် ရ ပေါင်
” Local Integrated Software Architecture” ဆို တဲ့ ဟာ ရဲ့  ထိပ်စာလုံး တွေ ကို ယူထား
တာ ပါ ဟု ပြန် ဖြေ ခဲ့ သည်။
ကနဦး က တရား ရုံး တွင် လီဆာ သည် သူ့  သမီးမဟုတ် ဟု ငြင်း သော် လည်း ဆယ် ကျော်
သက် အရွယ် တွင် သူ့  အိမ် သို့  လာလည် စေပြီး ထောက်ပံ့ ပေး ကမ်း မှု ပြု သည်။ စာရေး
သား မှု ၀ါသနာ ပါသည့် လီဆာ သည် နောက် ပိုင်း တွင် ဖခင် ၏ ထောက်ပံ့ ပေး ကမ်းမှု
ဖြင့် ဟားဗတ် တက္က သိုလ် တွင် တက် ရောက် နိုင် ခဲ့ သည်။
စတိဗ် ၏ ဘ၀ သည် ငယ်ရွယ် စဉ် ကတည်း က ရုန်း ကန် ရသည်။ Reed College တွင် တက်
နေစဉ် ငွေကြေး ပြတ်လပ် သည့် အခါ များ ဉ် ထမင်း အ၀ ကျွေး သည့် ဟိန္ဒူ ဘုရား ကျောင်း
တွင် တန်းစီ စောင့် ဆိုင်း စား ခဲ့ ရသည်။ သူ နေသည့် နေရာ မှာ ခုနှစ် မိုင် ဝေး သည့် ဘုရား
ကျောင်း  ကို ရံဖန် ရံ ခါ စကိတ် ဖြင့် သွား ရသည်။
သူ၏ ဖခင် အရင်း ဖြစ်သူ Abdulfattah Jandali မှာ ယခု လူထု အုံ ကြွ မှု များ ဖြစ်ပွား နေသည့်
ဆီးရီးယား နိုင်ငံ မှ အမေရိကန် နိုင်ငံ သို့  ရွှေ့ ပြောင်း လာခဲ့ သူ တစ်ဦး ဖြစ် ပြီး နောက်ပိုင်း တွင်
ရီးနို ရှိ နီဗားဒါး တက္ကသိုလ် တွင် နိုင်ငံရေး သိပ္ပံ ပါမောက္ခ တစ်ဦး အဖြစ် ဆောင်ရွက် က ယခု
ရီးနို ရှိ Boomtown Hotel Casino တွင် ဒုတိယ ဥက္ကဌ အဖြစ် တာဝန် ယူ နေသူ ဖြစ် သည်။
စတိဗ် သည် ဖခင် အရင်း နှင့် မိခင် တို့  ၏ စွန့် ပစ် ခြင်း ခံ ရသည်။
ကောလိပ် ကျောင်း မပြီး သဖြင့် ပညာရေး တွင် အထက်တန်း အောင်လက် မှတ် သာ အမြင့်
ဆုံး ရှိ သောလည်း ဆည်းပူးလေ့လာ မှု ဉ် သူ မတူ အောင် ထက်မြက် ခဲ့ သည်။ ငယ်ရွယ်စဉ်
က ပင် ဇင် ဗုဒ္ဒဘာသာ ကို လေ့လာ ခဲ့ ပြီး ဂျပန် အထိ သွား က ဂုရု Kobun Chino  ထံ
တွင် ထပ်မံ လေ့လာ ခဲ့ သည်။
၁၉၈၅ စက်တင်ဘာ ၁၇ တွင် apple မှ သူထွက် ခွာ ခဲ့ ရသည့် အခါ NeXT ကို တည်ထောင်
ဖို့  အတွက် ကိုဘွန် ချီနို ထံ မှာ အကြံဥာဏ်များ ရယူ ခဲ့ ရသည်။
သူ၏ ကွန်ပျူတာ ကုမ္ပဏီ ကို apple ဟု ပေးရ ခြင်းမှာ ဆာအိုင်ဆက် နယူတန် ပန်းသီး
ကြွေကျ ရာ မှ ကမ္ဘာ မြေ ဆွဲ အား ကို တွေ့  ရှိ ခြင်း ကို အစွဲ ပြု ပြီး ပေး ခြင်း ဖြစ်သည်။
ပထမ ဦးဆုံး apple ၏ လိုဂို မှာ အိုင်ဆက် နယူတန် ပန်းသီး ပင် အောက် ထိုင် နေသည့်
ပုံ ဖြစ်သည်။

No comments:

Post a Comment