Wednesday, September 5, 2012
အသံထက် ခြောက်ဆ မြန်သည့် လေယာဉ် ကို စမ်းသပ်မှု မအောင်မြင်
8.15.2012-waverider
22
0
မဲပေးပါ
Update အမေရိကန် လေတပ် က အင်္ဂါ နေ့  တွင် တတိယ အကြိမ် စမ်းသပ်ခဲ့ သည့် 
အသံထက် ခြောက်ဆမြန်သည့် လေယာဉ် မှာ တစ်နာရီ လျှင် မိုင် ၄၆၀၀ ကို မရောက်
ရှိ ခင် မှာ ပင် ထိမ်းချုပ် မှု စနစ် ချို့  ယွင်း ကာ ဝေဟင် ထဲ တွင် ဖျက် ဆီး ပြစ် လိုက် သည်
ဟု ပင်တာဂွန် က သတင်း ထုတ် ပြန် သည်။
X-51A Waverider  ကို စက္ကန့်  ၃၀၀ ခန့်  ပျံ သန်း နိုင် ပြီး မျှော်မှန်းထား သည့် အနေအထား
ရောက်ရှိ မည် ဟု မျှော် လင့် ခဲ့ ကြ သော်လည်း ပင်မ အင်ဂျင် နှင့် တွန်းအား ပေး ဒုံး ပြဿနာ
ကြောင့် ၁၆ စက္ကန့်  သာ ပျံ သန်း နိုင်ခဲ့ သည်။
Previously Reported 
အသံထက် ခြောက်ဆ မြန်သည့် လေယာဉ် Mach 6 (တစ်နာရီလျှင် မိုင် ၄၀၀၀ ကျော်) ကို
အမေရိကန် လေတပ် သတင်း ကို ကိုးကားပြီး CNN သတင်း တွင် ဖော်ပြထား သည်။
လှိုင်းစီးသူ (Waverider) ဟု အမည် ပေးထား သည့ှ် Hypersonic လေယာဉ် သည်
နယူယောက် နှင့် လန်ဒန် ကို တစ်နာရီ အတွင်း ပြန်သန်း နိုင်မည်  ဖြစ် ပြီး တိုကျို နှင့် ပါရီ
ကို နှစ် နာရီ ကျော် မျှ ကြာမြင့် သည့် အချိန် အတွင်း ပျံ သန်း နိုင်မည် ဖြစ်သည်။
ယခင် က တီထွင်  ခဲ့ သည့် တိုက်လေယာဉ် များ အနက် အချို့ မှာ အသံထက် မြန်သည့်
Supersonic လေယာဉ် များ ဖြစ် ပြီး ၊ အာကာသ လွန်း ပျံ ယာဉ် ကို တင်ဆောင် သွား
သည့် ဒုံးပျံ ယာဉ် နှင့် M 22 A ကျဉ် ဆန်များ မှာ လည်း အသံထက် မြန်သည်။
ယခင်က ဗြိတိသျှ နှင့် ပြင်သစ် တို့  ပူးပေါင်း ထုတ် လုပ်သည့် ကွန်းကောဒ် လေယာဉ်များ
မှာလည်း အသံ ထက် မြန်သည့် ခရီး သည် တင် လေယာဉ် များ ဖြစ် ပြီး ၂၀၀၃ ခုနှစ် တွင်
ပျံ သန်းမှု ရပ် နားခဲ့ သည်။
အတောင်ပံ မပါရှိသည့် X-51A WaveRider  ကို B-52  ဗုံးကြဲ လေယာဉ် ၏ တောင်ပံ
တွင် တပ်ဆင် ထား ပြီး အမြင့်  ပေ ငါး သောင်း  အထက် တွင် လွှတ်ချ လိုက် မည် ဖြစ်
ပြီး လေးစက္ကန့်  အကြာ တွင် Waverider သည် Freefall ဖြစ်နေရာ မှ အင်ဂျင် နိုး
လာ ပြီး ကောင်းကင်ယံ သို့  တဟုန်ထိုး ပျံ တက် သွား မည်  ဖြစ်သည်။ (ဗီဒိုယို တွင် ကြည့် ပါ)
ထိုးစမ်းသပ် မှု ကို ကာလီဖိုးနီးယား အက်ဒွပ် လေတပ် စခန်း မှ စတင် ကာ ပြု လုပ် မည်
့ဖြစ်သည်။
Hypersonic လေယာဉ် ပျံသန်းမှု အစီ အစဉ် အတွက် ပင်တာဂွန် နှင့် အမေရိကန် အမျိုး
သား အာကာသ သိပ္ပံ (နာဆာ) တို့ မှ ဒေါ်လာ  ၂ ဘီလျှံ အကုန် အကျ ခံ သုတေသန လုပ်
ခြင်း ဖြစ် ပြီး ၊  Wave rider တည် ဆောက် မှု စရိတ် မှာ ဒေါ်လာ သန်း ၁၄၀ ခန့်  ရှိသည်။
Waverider သည် Hypersonic အမျိုး အစား ဖြစ် ပြီး ယခင် Supersonic များ ထက် ပို
မို လျှင် မြန်မှု ရှိသည်။
အမေရိကန် လေတပ် သုတေသန ဌာန နှင့် နာဆာ က မဝေးတော့ သည့် အနာဂတ် တွင် အသံ
ထက် အဆ ၂၀ မြန် သည့် လေယာဉ် ကို အောင်မြင်စွာ စမ်းသပ် တော့ မည် ဟု ဆိုသည်။
အသံ ထက် ၆ ဆ မြန်သည့် Hypersonic များ ကို ယခင် က စမ်းသပ် ခဲ့ ဖူး သော် လည်း Mach
5 ကို ကျော် လွန် ပြီး March 6 နားသို့  မရောက် ခဲ့ ဟု သိရသည်။
March 6 is Six Times speed of Sound 
X-51A WaveRider  ကို B-52 တွင် တပ် ဆင် ရန် သယ်ဆောင်လာစဉ်
X-51A WaveRider ကို B-52 တွင် တပ် ဆင် ရန် သယ်ဆောင်လာစဉ်
B-52 တောင်ပံ အောက် တွင် X-51A WaveRider  ကို  တပ် ဆင် အပြီး တွေ့ ရ စဉ်
B-52 တောင်ပံ အောက် တွင် X-51A WaveRider ကို တပ် ဆင် အပြီး တွေ့ ရ စဉ်
No comments:
Post a Comment