Wednesday, September 26, 2012

အနုပညာရှင်များနှင့် ငြိမ်းချမ်းရေးဆန္ဒ

PDF Print
Thursday, 20 September 2012 10:31
AddThis Social Bookmark Button
e5252 မြန်မာနိုင်ငံ၏ လက်ရှိအနေအထားတွင် ဒီမိုကရေစီစနစ် ကူးပြောင်းမှုနှင့်အတူ အနာဂတ်အတွက် ကောင်းခြင်းများကို ပြည်သူပြည်သားအားလုံး မျှော်လင့်ခဲ့ကြသည်မှာ တစ်နှစ်တာကာလကို ကျော်လွန်လာပြီ ဖြစ်သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ၏ သာယာလှပမှုနှင့် အဖိုးတန် သယံဇာတများ ထွက်ရှိရာ၊ သဘာဝ၏ လက်ဆောင်ကောင်းများ ပေါများရာ ဖြူစင်ရိုးသားသော မြန်မာတိုင်းရင်းသားများ အနက် ကချင်တိုင်းရင်းသားများ နေထိုင်ရာ မြန်မာနိုင်ငံမြောက်ပိုင်းတွင်မူ ယမ်းငွေ့များဖြင့် သေနက်သံများက မငြိမ်းနိုင်သေး။ ၁၉၉၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအရ ၁၇ နှစ်တာကာလပတ်လုံး ငြိမ်းချမ်းသည့်အသွင် ဆောင်လာခဲ့သည့် ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှစတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ တစ်ကျော့ပြန်စစ်ပွဲကာလ ကြာရှည်လာသည်နှင့် အမျှ ကချင်ဒေသတွင်းရှိ ပြည်သူများသည် စစ်ဒဏ်ကို ပိုမိုဆိုးရွားစွာခံစားနေကြရသည်။ ကချင်ပြည်နယ် မငြိမ်းချမ်းမှုသည် ကချင်တိုင်းရင်းသားများနှင့် ထိုဒေသတွင် နေထိုင်ကြသူများနှင့်သာ သက်ဆိုင်သည်ဟု ယူဆမထားကြသည့် မြန်မာနိုင်ငံသားအားလုံးက ထာဝရငြိမ်းချမ်းရေးကို မျှော်လင့်ဆုတောင်းကြသည်။ မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေး အတွက် မျှော်လင့်ကြသည့် ပြည်သူများအားလုံးတွင်  အပါအ၀င်ဖြစ်သည့် အနုပညာရှင်အချို့၏ ငြိမ်းချမ်းရေးဆန္ဒများကို မေးမြန်းကြည့်မိသည့်အခါ  .  .  .  .
ကေဂျာနူး
ငြိမ်းချမ်းမှုဆိုတာ လူတိုင်းလိုချင်တဲ့အရာပါ။ တိုင်းပြည်မှာ အခု ထက်ပိုပြီး ငြိမ်းချမ်းမှုတွေရရှိရင် ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်လာမယ် လို့လဲယုံကြည်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်သူတွေရဲ့ လုပ်ငန်းစဉ်တွေအားလုံး အမြန်ဆုံး အောင်မြင်နိုင်ဖို့ ဆုတောင်းပါတယ်။ ကျွန်မတို့ တိုင်းရင်းသားတွေအားလုံး ရဲ့ ရင်ထဲမှာလဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကောင်းကောင်းမွန်မွန် ဖြစ်တာကိုပဲ လိုချင်ကြတာပါ။
ဒါရိုက်တာ ၀င်းထွန်းထွန်း
စစ်ပွဲဆိုတာတွေက ကမ္ဘာဦးအစကတည်းက မရှိသင့်တာပါ။ မြန်မာနိုင်ငံက ကမ္ဘာမှာ ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံ ဖြစ်သလို မြန်မာလူမျိုး တွေကလည်း မေတ္တာတရားရှေ့ထားတဲ့ လူမျိုးတွေပါ။ အဲဒီနိုင်ငံမျိုး အဲဒီ လိုလူမျိုးတွေကြားမှာ တိုင်းရင်းသား ညီအစ်ကိုတွေ အချင်းချင်းစစ်ဖြစ်ကြတယ် ဆိုတာမျိုးကို လုံးဝ မမြင်ချင်၊ မကြားချင်၊ မရှိချင်ပါဘူး။ ကျွန်တော်တို့တွေ ငြိမ်းချမ်းကောင်းမွန်စွာ နေရသလို ကချင်တိုင်းရင်းသားတွေ အပါအ၀င် တိုင်းရင်းသား အားလုံး ငြိမ်းချမ်းကောင်းမွန်စွာ နေထိုင်နိုင်အောင်လို့ တာဝန်ရှိသူတွေအားလုံး က အမြန်ဆုံး ဆောင်ရွက်ပေးစေချင်ပါ တယ်။ အခုဖြစ်နေတဲ့စစ်ပွဲတွေကို လည်းဖြစ်နိုင်ရန် စက္ကန့်ပိုင်းအတွင်းမှာကို ပြီးဆုံးငြိမ်းချမ်းစေချင်ပါတယ်။
JZဒေါင်လွဏ်း
ဒီစစ်ပွဲတွေဘာကြောင့် ဖြစ်တယ်ဆိုတာကို ကာယကံရှင်လူကြီးတွေ အသိဆုံးဖြစ်မှာပါ။ ကျွန်တော်တို့အနေနဲ့ကတော့ စစ်ပွဲတွေ အမြန်ဆုံးရပ်စေချင်ပါပြီ။ ကျွန်တော် အနေကတော့ ကောင်းမွန်တဲ့အနာဂတ် တစ်ခုအတွက် တရားမျှတမှုနဲ့ တန်းတူအခွင့်အရေးတွေရရှိမယ့် ထာဝရ ငြိမ်းချမ်းရေးအမြန်ရဖို့ မျှော်လင့်ဆုတောင်းပါတယ်။ တိုင်းရင်းသားတွေ အားလုံးကလည်း ဒီလိုဆန္ဒမျိုးပဲ ရှိကြတာပါ။ ဒါကြောင့် အခုဖြစ်နေတဲ့စစ်ပွဲတွေရဲ့အဆုံးသတ်က ကျွန်တော်တို့ ကချင်တိုင်းရင်းသားတွေ အတွက် တရားမျှတမှု၊ တန်းတူအခွင့်အရေး ရရှိမှုတွေနဲ့အတူ ထာဝရငြိမ်းချမ်း ရေးဖြစ်ပါစေဖို့ အားလုံးကမျှော်လင့် နေပါတယ်။
ဒါရိုက်တာဝိုင်း
ကချင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲက အခုလောလောဆယ်တော့ ၁၄ နှစ်သမီးလေးကို သေကျေစေခဲ့ပြီ။ ကျွန်တော်တို့ တိုင်းရင်းသားတွေထဲက ဖြစ်တာကြောင့် ကျွန်တော်တို့ မိသားစုတွေထဲက တစ်ယောက် ဆုံးရှုံးရသလို ပါပဲ။ ဒီလိုအပြစ်မဲ့တဲ့ ကလေးဘယ်နှယောက် သေပြီးခဲ့ပြီလဲ။ ဒီလိုသေကျေပျက်စီးခဲ့တဲ့ အတွက် ဒီစစ်ပွဲက ဘာကြောင့်ဆိုတာ အဖြေထုတ်ဖို့တော့ လိုလိမ့်မယ်။ ဒီလိုအဖြေမထုတ် နိုင်ဘူးဆိုရင် ချဉ်းကပ်တဲ့နည်းလမ်း က မှားနေလို့ပါပဲ။ စစ်ဆိုတာက အနိဋ္ဌာရုံတွေပဲ ကျန်တတ်တာမျိုးပါ။ ကျွန်တော့် အနေနဲ့တော့ မိသားစု အချင်းချင်း ရန်မဖြစ်သင့်တော့ဘူး လို့ ထင်ပါတယ်။
ဒါရိုက်တာမင်းထင်ကိုကိုကြီး
ကချင်နဲ့မြန်မာစစ်တပ်တွေ ကြားထဲမှာဖြစ်နေတဲ့ ပဋိပက္ခလို့ပြောရမလား၊ ပြည်တွင်းစစ်လို့ ပြောရမလား မပြောတတ်ဘူး။ ပြည်သူအများစုက ဘယ်ပြည်တွင်းစစ်ကိုမှ မထောက်ခံပါဘူး။ တိုင်းရင်းသား အချင်းချင်းညီအစ်ကို မောင်နှမအချင်း ချင်းတိုက်တဲ့ စစ်ပွဲကိုဘယ်သူကမှ ထောက်ခံကြမှာမဟုတ်ဘူး။ အဲဒီ သဘောထားပဲ အများစုမှာ ရှိလိမ့်မယ် ထင်ပါတယ်။ လက်နက်ကိုင်ဆောင် ထားတဲ့သူတွေ အချင်းချင်း ကြားထဲမှာ ဖြစ်နေတဲ့စစ်ပွဲ၊ အဲဒီဟာရဲ့ နည်းနည်းကျော်လာတာက  ဘာမှကို အပြစ်မရှိတဲ့လက်နက်မဲ့တဲ့ ပြည်သူတွေထဲမှာ ထိခိုက်ဒဏ်ရာရ၊ သေကျေ ပျက်စီးရ၊ ထွက်ပြေးတိမ်းရှောင်ရ၊ ပညာတွေမသင်ကြားရ အဲဒီဟာတွေ ကတော့ တော်တော်ကြီးကို ဆိုးလာ ပြီလို့ပြောရပါလိမ့်မယ်။ ပြောချင် တာကတော့ ပြည်သူအများစု သဘောမတူတဲ့၊ ပြည်သူ့ဆန္ဒမပါတဲ့ စစ်ပွဲကြီးကို အမြန်ဆုံးရပ်ပေးတာ ကောင်းလိမ့်မယ် ထင်ပါတယ်။ လွှတ်တော်ထဲမှာလည်း အဲဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြရင် ကောင်းလိမ့်မယ် ထင်ပါတယ်။
လင်းလင်း
စစ်ဆိုတာဟာ လူတွေကို သေစေနိုင်တဲ့ ပြသနာတစ်ခုပါ။  ပြည်သူ တွေကို သေစေနိုင်တဲ့၊ မကောင်းတဲ့ အလုပ်လုပ်ခြင်းကို ကျွန်တော်ကန့် ကွက်ပါတယ်။ အဲဒီတော့ လူပီသစွာ ရပ်ပေးကြပါ။
ရသ
နှစ်ဖက်စလုံးမှာ စစ်နဲ့ပတ်သက်တဲ့ပြီး မညီမျှမှုတွေ၊ မပွင့်လင်းမှုတွေကြောင့် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ တစတစနဲ့ အဲဒီပဋိပက္ခ တွေကြီးထွားလာပြီး အပျက်သ ဘော၊ အဖျက်သဘောဆောင်တဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာရပါ တယ်။ တကယ်တော့ စစ်ဆိုတာ ပြဿနာဖြေရှင်းတဲ့နည်း မဟုတ်ဘဲ တစ်ဖက်နဲ့တစ်ဖက် တစ်ဦးနဲ့တစ်ဦး အမုန်းနဲ့အာဃာတတွေပဲ တိုးတိုးလာနိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့ နိုင်ငံမှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကို သာ ရပ်တန့်ပြီးတော့ ပြေလည်တဲ့ နည်းနဲ့သာ ဖြေရှင်းနိုင်မယ်ဆိုရင် နှစ်ဖက်လုံးမှာသုံးစွဲနေရတဲ့ ဘက်ဂျက်တွေကိုပညာရေးနဲ့ ကျန်းမာရေး မှာ အပြည့်အ၀သုံးစွဲနိုင်မှာ ဖြစ်ပြီး တော့ တိုင်းပြည်လဲတိုးတက်၊ နှစ်ဖက်လုံးမှာလဲ အကျိုးရှိစေမှာပါ။ အဲဒီတော့ စစ်ဘေးဒုက္ခသည်တွေ၊ နိုင်ငံရဲ့ မျက်နှာကိုကြည့်ပြီးတော့ စစ်မီးကိုငြှိမ်းပေးကြပါ။ ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြပါလို့ နှစ်ဖက်လုံးကို ဒီစာမျက်နှာထက်က တိုက်တွန်းလိုပါတယ်။
ချစ်သုဝေ
လူမျိုးဘာသာ အယူအဆ သဘောထားတွေ ကွဲပြားနေကြတဲ့ ဒီကမ္ဘာကြီးမှာ တူညီတာတစ်ခုကတော့ အားလုံးက အသက်ရှိနေတဲ့ လူသားတွေ ချည်းပါပဲ။ လူ့အသက်တွေကို တန်ဖိုးထားတဲ့အားဖြင့် ဘယ်ရှုထောင့် နေရာကမှ အကျိုးမရှိတဲ့ စစ်မက်တွေကို ငြိမ်းအေးစေချင်တယ်။ လူသားတွေအတွက် အကျိုးမရှိတဲ့ စစ်မက်တွေကို ငြိမ်းအေးကြဖို့၊ ငြိမ်းချမ်းရေး တွေမျှဝေကြဖို့ ဆန္ဒပြုချင်ပါတယ်။

No comments:

Post a Comment