Tuesday, September 25, 2012

နယူးယောက် ၏ ည နေ ဆည်းဆာ ချိန်

ညနေ ခင်း နေ သာ တာ နဲ့ နယူးယောက် မြို့ ၊ အောက် ပိုင်း  မက် ဟက်တန် (Lower Manhattan)  ဘက် ကို ဓါတ် ပုံ ရိုက် ထွက် လာ ခဲ့ပါတယ်။ အိမ် က ထွက် တုံး မိုးကောင်း ကင် က ကြည် လင် နေပြီး ၊ မိုး သား တိမ် ရိပ် ကင်း ပါ တယ်။ ညနေခင်း နေ၀င်ချိန်ကို ဓါတ် ပုံ ရိုက် ချင် တာ နဲ့  နေ ၀င် ချိန် ကို ချိန် ကိုက် ပြီး ထွက် ခဲ့ ပါတယ်။ 




ပုံ ထဲ မှာ မြင် ရ တဲ့ တိုက် တာ အဆောက် အ ဦး တွေ က  ဘရွတ်ကရင်း Brooklyn ဖြစ် ပါတယ်။ မြင် ရ တဲ့ တံ တား နှစ် စင်း က တော့ ဘရွတ်ကရင်း တံတား(Brooklyn Bridge) နဲ့ မက်ဟန်တန် တံတား (Manhattan Bridge) တွေ ဖြစ် ပါ တယ်။ အဲဒီ တံတား နှစ်စင်း လုံး က  မက်ဟန်တန် နဲ့  ဘရွတ်ကရင်း  ကို ဆက် သွယ် ထား တာ ပါ။   မက်ဟန်တန် တံတား ပေါ် က တော့ ရထားလမ်း နဲ့ ကား လမ်း နှစ် ခု လုံး တည် ဆောက် ထား ပါတယ်။
ဘရွတ်ကရင်း တံတား(Brooklyn Bridge) က တော့ ကား သွားလမ်း သာ ပါ ရှိပါတယ်။
ပုံထဲ မှာ မြင် ရ တဲ့ ရှေ့ ဆုံး က တံတား က ဘရွတ်ကရင်း တံတား(Brooklyn Bridge) ဖြစ် ပါ တယ်။
သူ နောက် က မြင် ရ တာ က တော့ မက်ဟန်တန် တံတား (Manhattan Bridge) ဖြစ် ပါတယ်။






 တံတား နှစ်စင်း လုံး က တော့ နယူး ယောက် မြို့ ရဲ့ Land MarK တွေ ပါ။ ဘရွတ်ကရင်း တံတား (Brooklyn Bridge)  က ပိုထင် ရှားပါတယ်။ နယူးယောက် ရောက် ရင် တော့ သွား သင့် တဲ့ နေ ရာ တ ခု ပါ။ လူသွား လမ်း လည်း ရှိတော့ တိုးရစ် တွေ အများဆုံး လည် ပတ် တဲ့ တံ တား ပါ။ လှပ ခန့် ညား လို့ လူ သိ များ ပါ တယ်။ ဟော်လီးဝုဒ် ရုပ် ရှင် တွေ ထဲ မှာ တော် တော် များ များ ပါ ၀င် တဲ့ တံ တား ပါ။






ဒီ ပုံ က မက်ဟက်တန် ဘက် မှာ ရှိ တဲ့ South Street Seaport နေ ရာ လေး ပါ။  သာယာ လှ ပ တဲ့ နေ ရာ လေး ပါ။
ညနေခင်း ဘီယာ ၊ ၀ိုင် နဲ့ အစား အသောက် ရောင်း တဲ့ ဆိုင် ပါ။ မြူး မြူး ကြွ ကြွ သီချင်း တွေ ဖွင့် ထားတော့ ဓါတ်ပုံ ရိုက် နေ တဲ့ သူ ကို ဘီ ယာ သောက် ချင် အောင် ဆွယ် နေ သလို ပါ ပဲ၊  မသောက် ဖြစ် ပါ။ ဓါတ်ပုံ ရိုက် ဘို့ နေ မ၀င် ခင်  ဘရွတ်ကရင်း ဘက် ကူး ရ မှာ မို့ နောက် မှ ပဲ လာ သောက်  တော့ မယ်။







ှ                                        South Street Seaport


ကြည် နှုး နေ ကြ တာ အား ကျ စ ရာ ကောင်း တယ် နော်.. 



    Fire Department New York (FDNY)  ပိုင် တဲ့  မီး သတ် မော်တော် ဘုတ် ပါ။ တံ တား ကို ရိုက် နေ တုံး ကင် မ ရာ ရှေ့  ၀င် လာ တာ နဲ့ ရိုက် ထား လိုက် တာပါ။


                                                              Lower Manhattan Skyline


ဘရွတ်ကရင်း ဘက် က နေ  မက်ဟန်တန် မြို ပြ တိုက် တာ တွေ ကို မြင် ရ တာ အရမ်း ကို လှ ပါတယ်။ မီး ရောင်စုံ တွေ ကြောင့်  မက် ဟက်တန် က ပို ပြီး အသက် ၀င် ပါတယ်။  မိုး တွေ အရမ်း ကို အုပ် ဆိုင်း လာ ချိန် ၊ မိုး မရွာ ခင် ရိုက် ထား တာ ပါ.။  ကရိမ်း (Crane) နှစ် ခု နဲ့ အမြင့် ဆုံး အဆောက် ဦး က တော့ Freedom Towerပါ။ 9/11/2001  မှာ အကြမ်းဖက် သူ များ ဖျက်စီး လိုက် တဲ့ ( world Trade Center) နေ ရာ မှာ အစား ထိုး  ပြန်လည်ဆောက် လုပ် တဲ့ Freedom Tower ဖြစ် ပါ တယ်။  ဆောက် လုပ် ဆဲ ပါ။





Brooklyn Bridge ကို ည ဘက် မီး ရောင် စုံ တွေ နဲ့ မြင် ရ တာ တော် တော် လှ ပါ တယ်။ ဒီ ပုံ ကို ဘရွတ်ကရင်း ဘက် က ရိုက် ပါ တယ်။  ညာဘက် တောင့် မှာ မြင် ရ တဲ့ အ နီ ရောင် မီး တန်း က တော့  ဘရွတ်ကရင်း- ကွင်းစ် ဟိုင်းဝေ လမ်း ပေါ် မှာ သွား နေ တဲ့ ကား တွေ ရဲ့ နောက် မီး လုံး အရောင် များဖြစ် ပါတယ်။
Apple Billboard က ည ဘက် မီး ရောင် နဲ့ ပို ပြီး ကြည့် ကောင်း နေ တယ်။ ကြော် ငြာ ဓါတ် ပုံ က တော် တော် လေး လက် ရာ မြောက် တယ်။ ကြည် လင် ပြတ်သား လွန်းတယ်။
ဓါတ်ပုံ တွေ တော် တော် များ များ  ရိုက် ပြီး တော့ မှ မိုး စ ရွာ တာ နဲ့ ကင် မရာ တွေ မိုး မစို အောင် အပြေး အ လွှား နဲ့ နီး ရာ  မြေ အောက် ဘူ တာ ရုံ ပြန် လာ ခဲ့ ပါတယ်။

နယူးယောက် ရဲ့ ညနေ ဆည်းဆာ အလှ ကို ပျော် ရွင် စွာ ခံ စား နိုင် ကြ ပါ စေ။

No comments:

Post a Comment