Wednesday, September 5, 2012

ကလင်တန် : စီးပွားရေး ပိတ်ဆို့ မှု ရုပ်သိမ်း ပေးအုံးမည် မဟုတ်


burma_hillary_clinton_obama_2011_11_23
 
25
 
1
 
မဲပေးပါ

ဟိန်းခိုင်ထွန်း ၊                   ၊အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် အနေဖြင့်
မြန်မာ နိုင်ငံ သို့ လာရောက်ပတ် မည် ဟု ဆိုသော် လည်း အမေရိကန် က အရေးယူ ဒဏ်ခတ်
ထား သည့် စီးပွားရေး ပိတ်ဆို့  မှု ကို ပြန်လည် ဖယ်ရှား ရေး မှာ သူ့  ခရီး စဉ် တွင် မပါဝင် ဟု
ယနေ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်း ပွဲ တွင် သတင်း ထောက် များ ကို ပြောကြား လိုက်သည်။
အိမ်ဖြူတော် ပြောခွင့် ရ ပုဂ္ဂိုလ် က ဟီလာရီ ကလင်တန် ၏ မြန်မာ ပြည် ခရီး စဉ် နှင့် ပတ် သက်
ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ရာ တွင် မြန်မာ အစိုးရ အနေဖြင့် စီးပွားရေး ပိတ် ဆို့  မှု ရုပ်သိမ်း
ရန် အလို့ ငှာ လူ့  အခွင့် အရေး အခြေ အနေ များ ယခု ထက် ပိုမို ကောင်း မွန် ရန် လို အပ် သည်
ဟု  ထည့်သွင်း သတိပေး  ပြောကြား ခဲ့ သည်။
မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် က ၀န်ကြီး ကလင်တန် ၏ ခရီး စဉ် ကို ကြို ဆို သည် ဟု ဘာ
လီ တွင် မြန်မာ သတင်း ထောက်များ ကို မပြော ဘဲ နိုင်ငံခြား သတင်း ထောက် များ ကို ပြော
ကြား ခဲ့ သည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ၏ ခရီးစဉ် သည် နှစ် ၅၀ အတွင်း အမေ
ရိကန် အစိုးရ အဖွဲ့  အတွင်း မှ ပထမ ဦးဆုံး သော အဆင့် မြင့် ခေါင်းဆောင် တစ်ဦး ၏ ခရီးစဉ်
ဖြစ်သည်။
ဝန်ကြီး ကလင်တန် မြန်မာ နိုင်ငံ သို့  လာရောက် လည်ပတ် ချိန် တွင် တရုတ် – မြန်မာ နယ်စပ်ဉ်
လုံခြုံရေး တိုးမြှင့် ချထား မည် ဖြစ်ပြီး ရန်ကုန် မြို့  ရှိ တရုတ် လူမျိုး နေအိမ် များ ကို လည်း စောင့်
ကြည့် မှု များ ပြု ရန် အထက် က ညွှန်ကြား ထား ကြောင်း လသာ မြို့ နယ် ရဲစခန်း မှာ တာဝန် ကျ
ဒုရဲ အုပ် တစ်ဦး က FNG သို့  ပြောသည်။
အမေရိကန် သမ္မတ ဟောင်း ဘီလ်ကလင်တန် ၏ ဇနီး ဖြစ် သူ လက်ရှိ နိုင်ငံခြားရေး ၀န်ကြီး ဟီ
လာရီ ကလင်တန် မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့် လည်း တွေ့ 
ဆုံ မည် ဖြစ်သည်။
မြန်မာ အစိုးရသည် ထိပ်တန်း အမေရိကန် အစိုး ရ အဖွဲ့  ၀င် တစ်ဦး မြန်မာ နိုင်ငံ သို့ လာလည်
သော် လည်း ဖမ်းဆီး ထား သည့် နိုင်ငံ ရေး အကျဉ်းသား များ ကို မူ လွှတ်ပေး အုံး မည် မဟုတ်
ဟု အစိုးရ ရေး ရာ ကျွမ်းကျင် သူ များ က သုံးသပ် ကြသည်။

No comments:

Post a Comment